Traffic Check

Website counter

Photo Of The Day!

Photo Of The Day!
ဝမြောက်ဥ စားလီကတ်ထော
In:

မြောက်ညွန်. ဒေါင်းပြောက်နဲ. သရက်သီးထောင်း။ အရာဇာလိုသိလေချင့်။

အစားအသောက် တိ မတင်စော်ကြာဗျယ်ဖြစ်လို.  အယင်က ရိုက်ပြီးကေ မတင်ဖြစ်စော် ပုံချေတိ စုပြီးကေ ပြန်တင်ပီးလိုက်ပါမေ။

အမဲအူငရုတ်ချက်

ငရုတ်သီး စပ်စပ် ချဉ်ပပေါက်နဲ. အရီးမ လက်ရာပါ။ ချက်နည်းကို ပြန်လို.သင်လိုက်အုံးမေ။



မြောက်ညွန်.ဟင်းရည်သောက်

ရှားရှားပါးပါး မြောက်ညွန်.ကို အိမ်နားက ဈီးချေမှာ လားတို.တွိခီလို. အားရဝမ်းသာ ဝယ်ရပါရေ။ မြတ်ရှင်လာဖို.လို. ဟင်းချက်ဖို.ပျင်နီစော် နိက။ ချဉ်ဟင်းလေ့ မချက်ချင်။ သရက်သီးငပိထောင်းထားဗျယ်။ အချဉ်ပါဗျယ်။ ယဂေ မြောက်ညွန်.ချေကို ငပိစကေချေနဲ. အချိုချက်ဖို.စိတ်ကူးဗျယ် အချိုချက်ပလိုက်ပါယင့်။ မေမေစီယင်းပိုင်ချက်တေ။ အချဉ်ချက်ကေ မြောက်ညွန်.ချိုစော်ကို မသိလိုက်ပျယ်လတ်။ ပုဇွန်ခြောက်တစ်ကောင်နှစ်ကောင်ထည့်ရေ။ ပုဇွန်စိမ်း ၂ကောင်ကို အမြှိုးရအောင် ပိုင်းလို.ထည့်ေ၇။ ကြက်သွန်ဖြူစကေ ချေပါထောင်းလို.ထည့်ရေ။ ဟင်းရည်ယင်လို. ဆူရေအခါမှ မြောက်ညွန်.ကိုထည့်ရေ။ ငရုတ်သီးစိမ်း ၂ ပိုင်းချိုးလို.ထည့်ရေ။ ၅ မိနစ် လောက်ရာ ထည့်ရရေ။ ကျက်ပါဗျယ်။ ချို က ချိုနဲ.။ မြတ်ရှင်တောင်က နည်းယူလားသိရေ။း)





ဒေါင်းပြောက်

ဒေါင်းပြောက်အိုးကပ်ချေ ချက်ပြီးကေ အိမ်က ထည့်ပီးထားစော်ပါ။ ကိုယ်ကတော့ ချက်ဖို.မတတ်သိ ငါးအိုးကပ်ချေကို။ ချက်ကြည့်ရဖို.သိ တစ်ရက်။


ဂဏန်းအနွှေးချက်

ယင်းချင့်လေ့ အိမ်ကပို.စော်ဗျယ် ။ လတိုင်း ဂဏန်း ပို.ပီးပါရေ။ အေမှာ ဈီးကြီးက မရှိ ဝယ်လို. မစားနိုင်။း(



ငရုတ်သီးထောင်းနဲ. တို.စရာ

မပါမဖြစ်။ သရက်သီးထောင်းထားရေ။ တို.စရာက ခရမ်းသီးပြုတ်နဲ. သခွားသီးကြွပ်ကြွပ်ချေတိ။း)

အင်း စားပလိုက်စော် ၁ ယောက်သုံးလောင်ဗွန်းစီ ကျမနားယေ။ ရွီးယင်းနဲ.တောင် ဝမ်းဆာလခရေ။ အရာတစ်ခေါက်ထမင်းပေါင်းစားဖို. မြတ်ရှင်ကိုခေါ်ရဖို.။

နောက်တရက်ပိတ်ခါမှ ထမင်းပေါင်းချက်စားလီဖို.ဗျယ်။ အမဲသား အရွတ်တိကို အားရပါးရ ငရုတ်သီး စစပ်နဲ. ရခိုင်ချက်ချက်မေ။ မေမေပက နည်းတောင်းထားဗျယ်။ ဟင်းအရံကတော့ ယင်းနိ ရှာလို.၇သမျှဗျယ်မနားယေ။ ကြိုတင်လို. လက်တို.ထားမေဂါး မြတ်ရှင်ရို. ဇံဇံရို. ခင်ဥမ္မာထွန်းရို. ကျော်ဖြိုးဝေရို.ကို လက်တို.ထားမေ ဒေဂါး။

စားနိုင်ကေ ကိုယ့်ဖို.
ခိုင်ဝေဇံ


In:

မယားတစ်ရာ ကိစ္စ ရျင်းလင်ချက်း(

သူငယ်ချင်းတစ်ယောက်က သတင်းလာပီးပါရေ။  အကျွန်ရွီးထားရေ  ရခိုင်သားမယားတရာ ရစီဖို. ဆိုစော် ပို.စ်ကို အေအမ်ပီမှာ လူတစ်ယောက် က တင်ထားပါရေ သူရွီးပိုင်ဗျယ် လတ်။ ရွီးရေလူနာမည်ကိုလေ့ မဖော်ပြထားပါလတ်။ 

အကျွန်.သူငယ်ချင်း အကောင့်နန်. အေအမ်ပီ ကို ဝင်လို. ကြည့်ခီမှာ ဂွင်တိုက်တွိပါရေ။ http://thearakanesemeetingpoint.com/forum/topics/2206333:Topic:786512  အေလင့်ခ်မှာ ဖတ်ကြည့်လို.ရပါရေ အကောင့်ရှိဂေ။  စာပုဒ်ပြတ် ကော်ပီ ပေ့စ် လုပ်ထားစော် ဖြစ်ပြီးကေ ကိုယ်မရွီးကြောင်းလေ့ မဖော်ပြထားရေအတွက်နဲ. မသိရေလူတိ အတွက်ကတော့ သူရွီးရေလို.ထင်ပါဖို.။  အေစာပုဒ် ကောင်းဒဏ်ကိုလေ့ သူခံရပါဖို. ဆိုးဒဏ်ကိုလေ့ သူခံရပါဖို.။ အောက်မှာ လထားကရား ဝင်ဆွေးနွေးထားစော်ကို ဖတ်ကြည့်ပြီးကေ အကျွန် နားလည်လိုက်စော်က အေလူတိစော် ငါဆိုလိုချင်ရေ အဓိပါယ် ကို အဂုထိ သဘောမပေါက်နိုင်ကတ်သိ မနားယေ ဆိုစော်ကိုပါ။

အကျွန် အေစာပုဒ်ကို ရွီးဖြစ်ခရေ အကြောင်းကို တစ်စိချေ ပြောပြပါမေ။ အကျွန် အေအမ်ပီမှာ Active မမ်ဘာ တစ်ယောက် ဖြစ်ခခါ မယားတစ်ရာ စော် အကျွန် ပထမ ရွီးခရေ ပို.စ်ပါ။  အကြောင်း ကတော့ ယင်းတလော က Discussion Forum မှာ ရခိုင်သားတိ မယား ၃ ယောက် ယူသင့် မယူသင့် ဆိုပြီးကေ ဆွေးနွေးနီကတ်ပါရေ။ အကျွန်ရို. မမချေတိ ကောင်းအမြင်ကတ်ကတ်ပါရေ။ လက်တွိမှာ တစ်ယောက်တောင်မှ မရလို.မှိုင်နီရရေလူတိက သုံးယောက်ယူဖို.လေး ဘာလေးနဲ.။ ရခိုင်သမတိ ဇာဖြစ်လို. ဗမာနောက်စီပါလခလေ။ ရခိုင်သားတိ စကားမချို ယက်မချို၊ အပြောမတတ် အဆိုမတတ်နန်. အရက်ချေကလေ့ သောက်သိရေ။ မမချေတိပိုင် ရန်ကလေ့ လိုကတ်သိရေ။ ကောင်းရလိမ့်မေ မယားသုံးယောက် ဆိုပြီးကေ ရခိုင်သား မယားတရာ ဆိုရေနာမည် နဲ. အကျွန် သရော်စာ သဘောမျိုးနဲ. ရွီးခစော်ပါ။  ဇာလောက်ပင်ဆိုးဆိုး ကောင်းရေ အချက်ချေတိလေ့ ရှိပါသိရေလေဆိုပြီးကေ ရိုးသားရေ ကြိုးစားရေ ဆိုစော်တိကို ပါထပ်လို. ရွီးဖြစ်ခပါသိရေ။ စာပုဒ် ကို ဖတ်ကြည့်ကေ သိသာပါရေ. ပြင်ဖို. အများကြီးလိုသိရေ။ အေအချက်ကို ပြင်ဆင်ကေတော့ မယား ၃ ယောက်မပြောကေ့ မယားတစ်ရာ တောင်မှ ရပါဖို.ထောလို. အတိသယဝုတ္တိ အလင်္ကာနဲ. ရွီးလိုက်စော်ပါ။  ယင်းချင့်ကို စာပိုဒ်ဧ။် ဆိုလိုရင်းကို သဘောမပေါက်နိုင် ခေါင်းစိုင် ကြည့်ပြီးကေ ဝေဖန်နီကတ်တေ လူတိဧ။် Level of Intelligence ကို အကျွန် သံသယ ဖြစ်မိပါရေ။

အေအမ်ပီက ထွက်စော် ၂ နှစ်လောက် ရှိလားပါဗျယ်။ ယဂေလေ့ အကျွန်.အယူအဆတိစော် မပြောင်းပါသိ။ ယင်းပို.စ်က အတိုင်းပါသိ။  အကျွန်အေအမ်ပီကထွက်ပြီးရေနောက်ပိုင်း ကွန်ပျူတာ ပျက်လားရေ အတွက်နဲ. ယင်းစာပိုဒ်တိ ကို အားလုံး ဆုံးရှုံးလားပါရေ။ အဂုတော့ အဂုပိုင် ပြန်ပေါ်လာစော်ကို ကျေးဇူးတင်ရဖို.ပိုင် ဖြစ်နီဗျယ်။ အကျွန်.ပို.စ်ကို ဖျက်ပီးဖို. အေအမ်ပီ အက်ဒမင် ကိုတောင်းဆိုချင်ပါရေ။ အကျွန်ရွီးရေ ဘလော့ ကိုကောင်းရေလို.ထင်လို. တင်ပီးရေ လို.ယုံပါရေ။ ယဂေလေ့ သင့် တင်ရေလူစော် ယင်းပို.စ်ဖက် က ဇာလောက် ခုခံပြောဆိုနိုင်ပါဖို.လေး။ အကျွန်ရွီးရေ စာဖက်က အကျွန်ရပ်တည်ရပါဖို.။ ကာကွယ်ရပါဖို.။ ကိုယ်မှားရေ လို.ထင်ကေလေ့ ဝန်ခံနိုင်ရပါဖို.။ ဆွေးနွေးနိုင်ရပါဖို.။ အကျွန် အေအမ်ပီမှာ မမ်ဘာမဟုတ်တေ အတွက်နဲ. လိုရင်းကိုမမြင် ကရိုက်ကထိုက်ပီးထားရေကွန်မန်.တိ အတွက် အကျွန် ပြန်ပြီးကေ မပြောနိုင်ပါ။ ယင်းတွက်နဲ. ဖယ်လိုက်စော် ကောင်းပါဖို.။  မူရင်းပို.စ်ကို အောက်မှာ ပြန်ပီးကေ တင်ပီးလိုက်ပါရေ ( ဂုဏ်ယူစွာဖြင့်)  သတင်းပီးလာရေ သူငယ်ချင်းကို ကျေးဇူးတင်ပါရေ။

ရခိုင်သားတိ မယား ၁၀၀ ရစီဖို့????

AMP က discussion တိမှာ
ရခိုင်သားတိ မယားသုံးယောက် ယူသင့်မယူသင့်
ဆွေးနွေးနီကတ်စွာကို အမြဲတမ်း
မြင်နီရပါရေ။ မယားသုံးယောက်ရဖို့ထားလို့ တယောက်တောင်ရှာလို့မရရေလူတိ
အများကြီး
။ တချို့ကလည်း ရခိုင်သမတိ ရခိုင်သားကို မကြိုက်စွာ
ဇာဖြစ်လို့လဲဆိုပြီးကေ မီးနီကတ်တေ။ သေချာစွာကတော့ခါ ရခိုင်သမတိုင်း
တတ်နိုင်ကေ ရခိုင်သားကိုပဲ ယူချင်ရေဆိုစွာပါ။ ယေကေလည်း ဇာဖြစ်လို့ တချို.က
လူမျိုးခြားတိနောက်ကို လိုက်လားခရရေလဲ။ တချို.ကလည်း အဖြေမရှာပဲနန့်
မမချေတိကိုပဲ အပြစ်ပုံချကတ်တေ။ လူတိုင်းမှာကိုယ့်အားနည်း၊ အားသာချက်တိ
ကိုယ်စီဟိကတ်တေ။ အခု ရွီးပြချင်စွာကတော့ ရခိုင်သားအများစုမှာ Common ဖြစ်တေ
အားသာချက်၊ အားနည်းချက်တိနန့် မမချေတိရွီးချယ်ရေအခါ ဇာအချက်တိကို
ထည့်စဉ်းစားရေလဲဆိုစွာ အချက်အလက်တိပါ။

အားနည်းချက် (ကိုယ့်စိတ်ထင်) တိကို အယင်ပြောပြပါမေ။ တိုက်ဆိုင်မှုဟိကေ ခွင့်လွှတ်ကတ်ပါ။

၁။ ရခိုင်သားတိစွာ အနည်းနန့်အများ ဘဝင်မြင့်ပါရေ။

ရခိုင်ဆိုပြီးကေ အမျိုးမာန်တက်စွာထက် တချို.ကလွန်ကဲပြီးကေ
ဘဝင်ကိုင်ရေအဆင့်ကိုရောက်လားခရေခါ မမချေတိကို ဖွင့်မပြောဖြစ်ပဲနန့်
ဝါးလုံးခေါင်းထဲမှာပဲ လပပြီးကေ အခါလွန်မိုးဖြစ်လားခစွာများပါရေ။ အချေခါကပင်
gender ကို ကောင်းကောင်းအလေးပီးပြီးကေ ခွဲခြားထားကတ်စွာလည်းး ပါပါဖို့။
ကိုယ့် ရခိုင်ပြည်မှာက မမချေတယောက်မှာ ကလေချေသူငယ်ချင်း (၃၊ ၄) ယောက်ဟိကေ
ယှုပ်တေဆိုပြီးကေ အပြောခံရရေ။ ယင်းချင့်တိက တကယ်တမ်း relationship တခုအတွက်
approach လုပ်တေအခါ smooth ဖြစ်အောင်မပြောတတ် မဆိုတတ်ဖြစ်စီရေလို့ ထင်ပါရေ။
ငြင်းလိုက်ဖို့စွာကို ကြောက်လို့လည်း ဟိပါဖို.။

၂။ ရခိုင်သားတိစွာ စိတ်ထဲမှာ ဟိစွာခံစားချက်ကို ဖွင့်မပြောတတ်။

ရည်းစားကိုချစ်လို့ တပိုင်းသီဖို့ပျာယ်။ ယေကေလည်း ပါးစက သူငယ်ချင်းတိကိုပြောကေ မိုးလားကဲလား၊
အားနာလို့ လက်ခံထားရရေဆိုရေ ပုံစံမျိုး အသံကောင်းဟစ်တတ်တေ။ အထူးသဖြင့်
ယောက်ျားအချင်းချင်းကြားမှာ မယားနိုင် ကောင်းကောင်းဖြစ်ချင်ကတ်တေ။
ချစ်ကေလည်း ချစ်တေလို့မပြော။ ယင်းအပိုင်းမှာက ကိုယ့်စိတ်မှာ (၁) ဆချစ်ကေ
(၁၀) ဆချစ်တေလို့ပြောတတ်တေ မြန်မာတိနှင့် အမှတ်ကွာလားပါပျာယ်။ မမချေဆိုစွာက
ယင်းပိုင်ပြောမှ သဘောကျရေ။ ယူပြီးခါ ဖျာပိုင်ခင်းပြီးနင်းထား နင်းထား၊
မရခင်ကတော့ ထိပ်မှာတင်ထားမှ။ အဓိကက ပြောဆိုဆက်ဆံရေးမှာ
ကောင်းကောင်းလိုသိမ့်ရေ ဆိုစွာပါ။

၃။ တော်တော်များများ ရခိုင်သားတိစွာ သိက္ခာဟိဟိ မရူးဝံ့ကတ်။

ကိုယ်ယှုံးကေ၊ ငြင်းခံရကေ ခါးခါးသီးသီးတုန့်ပြန်ရေ။ အငြင်းပယ်ခံနိုင်ရေသတ္တိမဟိ။
တဖက်သားကိုအပြစ်ပုံချပြီးကေ ကိုယ့်အပြစ်ကို ဝန်မခံတတ်။ စွပ်စွဲစွာ
ပြင်းထန်ချင်ကေလည်း ပြင်းထန်လီပါဖို့။ လူတိုင်းမဟုတ်ကေလည်း
တော်တော်များများမှာ တွိရလို့ စိတ်မကောင်းပါ။ အထူးသဖြင့်
ရည်းစားစကားပြောလို့ မမချေဖက်က လက်မခံနိုင်လို့ငြင်းလိုက်ကေ
သပုတ်လီလွှတ်ပြောစွာကို အမြဲတမ်းတွိရရေ။

၎။ တော်တော်များများ ရခိုင်သားတိစွာ gentleman ဆိုစွာဇာလဲဆိုစွာ နားမလည်။

အပြစ်ဆိုဖို့တော့ နည်းနည်းခက်ပါရေ။ ရခိုင်စွာ male dominant ဖြစ်တေ society တခုပါ။
ထမင်းစားတိုင်း လင်ကို အယင်ဦးချရရေနီရာက လာလူတိဆိုခါ
အနောက်တိုင်းကိုရောက်လာရေအခါမှာ lady first ဆိုပြီးကေ ထမင်းဝိုင်းမှာ
မမချေကို အယင်ဦးစားပီးထည့်ပီးရေ စနစ်နန့် မရင်းနှီစွာ အဆန်းတော့ မဟုတ်ပါ။
ယေကေလည်း အခု oversea ကိုရောက်နီရေလူတိကတော့ သိသင့်ရေလို့ ထင်ပါရေ။ မမတိက
အားမနာလုပ်လို့ရရေလို့ ပြောစွာမဟုတ်ပါ။ နှစ်ဦးနှစ်ဘက် respect ဟိရဖို့လို့
ဆိုလိုစွာပါ။ Gender Discrimination တိကို လျှော့ဖို့လိုပါပျာယ်။

၅။ ရခိုင်သားတိစွာ အမြင်ကျဉ်းမြောင်းရေ။

ဟုတ်ပါယင့်။ အဆဲခံလိုက်ပါအုံးမယ်။ တချို.ရခိုင်သားတိက ပြောပါရေ။ ရခိုင်သမတိဖော်စွာကို
ကြည့်လို့မရလတ်။ ယင်းချင့်ကိုတော့ နားမလည်။ ကိုယ့်အရပ်နန့်
ကိုယ့်ဇာတ်ဆိုစွာ ဟိပါရေ။ ကိုယ်နီရေ နီရာဒေသနန့် လိုက်လျောညီထွေဖြစ်ဖို့
အရေးကြီးပါရေ။ စစ်တွေမြို့ကိုလားပြီးကေ မီနီစကပ်နန့် ဗန်းပြနီလို့ကတော့
ဇာဖြစ်ပါဖို့လဲ။ ကမ်းခြီမှာ ဘီက်ီနီဝတ်စွာ အဆန်းမဟုတ်။ ရခိုင်သမ
ဖော်စွာမကြည့်ဝံ့ကေ မျက်စိရာမှိတ်ထားကတ်ပါဖိ။ အတိုအကပ် (နိုင်ငံခြားမှာ)
ဝတ်တိုင်း ပျက်စီးနီရေလို့ထင်နီစွာကတော့ ကောင်းကောင်းရယ်ရစွာ အယူအဆပါရာ။
လူတယောက်၏စိတ်ဓါတ်နန့် အကျင့်စာရိတ္တကို ဝတ်ထားရေ အဝတ်အစားနန့်
ဆုံးဖြတ်တေဆိုကေတော့ သဘောပါ။

၆။ ရခိုင်သားတိစော် စိတ်မရှည်၊ ခွင့်လွှတ်သည်းခံစိတ်နည်းပါရေ။

စလို့လိုက်တေ ဆိုခါကပင် ကြုံလိုက်တိများရေ။ တနားချေလိုက်လို့မရကေ နောက်တယောက်ကို
ချက်ချင်းပြောင်းတတ်တေ။ ကုသ ပပဝတီကိုရစွာ ကုသက ဖုရားလောင်းဖြစ်လို့
မဟုတ်ပါ။ ဇွဲဟိလို့။ ယင်းပိုင်ဇွဲမဟိကတ်ပါ။ ရည်းစားဖြစ်ကေလည်းသင့် ကိုယ်ရာ
တလုံးချိုင့် ဖြစ်ချင်ဖြစ်ဖို့၊ မမချေကို ငါးဆင့်ချိုင့်လောက်နန့် perfect
ဖြစ်ဖို့ မျှော်လင့်ကတ်တေ။ အမှားတခုလုပ်မိကေ ခွင့်မလွှတ်တတ်။ အားလုံးတော့
မဟုတ်ကေလည်း ရခိုင်သမတိုင်းလိုလိုပါးက ပြန်ကြားရစွာ စကားပါ။

တခြားအချက်တိကိုတော့ minor လို့ထင်ပါရေ။ relationship တခုတည်ဆောက်တေနီရာမှာ
အခုအားနည်းချက်တိကိုကြည့်လိုက်ကေ အားလုံး အပြောအဆို၊
အမူအကျင့်နန့်သက်ဆိုက်နီစွာကို တွိပါဖို့။ ရခိုင်သားတိ အရက်သောက်လို့
မယားမရဆိုစွာကို လက်မခံပါ။ ရခိုင်သားတိက အရက်သမားဖြစ်ရစွာ
ဂုဏ်ယူနီကတ်စွာကိုတော့ တွိပါရေ။ ထားလိုက်ပါဖိ ယင်းချင့်ကို။
ကောင်းရေအချက်တခုက ရခိုင်သားတိစွာ သစ္စာဟိရေလို့ ထင်ပါရေ။ မပြောတတ်
မဆိုတတ်ဆိုစွာက opposite gender နန့်တွိကေ ပြောစွာပါ။ လူကြီးသူမကိုတော့
အားလုံးသူသိတတ်ကတ်တေ။ ဖြောင့်ဖြောင့်မှန်မှန်ဟိရေ။ အားနာတတ်တေ။
စိတ်ရင်းကောင်ပြီးသားပါ။ အပြောမတတ်စွာ၊ Manner မဟိစွာချေတခုကို
ပျင်လိုက်ကေတော့ခါ မယားသုံးယောက်ကပြောကဲ့ အယောက် (၁၀၀)
လောက်ရဖို့သေချာပါယင့်။ ကိုယ့်ကို ဝယ်နိုးဝယ်နိုးစောင့်နီကေတော့ မပြောတတ်။

ခိုင်ဝေဇံ (မုန်းဇာတုံး)

In:

ဓညဝတီ ရခိုင်ဆိုင်သစ်ဖွင့်ကြောင်း

ဓညဝတီ နာမည်နဲ. ရခိုင်ဆိုင်တစ်ဆိုင် စီးတီးဟောမှာ ဖွင့်လိုက်ပါဗျယ်။

အေနိခါ ရောက်ခီပါရေ။ ဆိုင်ရှင် ဆက်ဆံရေးကောင်းလို. ဝမ်းသာပါရေ။ အကျွန.်အရုပ် ကိုမြင်စော်နဲ. ရခိုင်သမမှန်း တန်းသိရေ ။မည်းလို.တုံးလို. ဖြစ်လို.လားမသိ။ ဆိုင်က ထင်ထားပိုင် စားသောက်ဆိုင် မဟုတ်ပါ။ ကုန်စုံဆိုင်နဲ. ငွေလွှဲ အဓိက လုပ်တေဆိုင်ပါ။ ယဂေလေ့ ဂုံးသုပ်၊ ကျောက်ပွင့်သုပ်၊ ငနီတူခြောက်သုပ်နဲ. ရခိုင်မုန်.တီရရေလို.ပြောပါရေ။ ရခိုင်မုန်.တီက စနီ၊ တနင်းဂနွီမှ ရပါရေလတ်။ မြည်းကြည့်ချင်လို. ဂုံးသုပ်တစ်ပွဲမှာစားခပါရေ။ စစပ်ချေလို. ပြောလိုက်ပြီးကေ မျက်ခုံးတိ ခလှုပ်လှုပ်ချေတွိလခပါရေ။ ရခိုင်သမ လက်ရာ စစပ်ချေဆိုဆိုစော် လျှာတိုပါလီအောင် စပ်ဖို.လားမသိ ဆိုပြီးကေ။  သုပ်ပီးလိုက်စော် က စားလို.ကောင်းပါရေ။ ရခိုင်သုပ်ပါ။ ဟုတ်ပါယင့် သေချာပါရေ။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငပိ စကေချေနဲ. ထောင်းပြီးကေ ဆား အချိုမှုန်.အတန်နဲ.  သံပရာသီးအားရပါးရ ဆမ်းလို. သုပ်စော်ပါ။ တစ်ပွဲကို ၃ ကျပ်ပီးရပါရေ။  ကြက်သွန်က တော့ မနည်းမဟုတ်များပါရေ။ ဂုံးတိအားလုံးကို ကုန်အောင်စားပြီးကေ  ကြက်သွန်တိကို မစားနိုင်ရေအတွက် ယင်းအတိုင်းထားခရပါရေ။ ကြက်သွန်လျှော့ပြီးကေ နံနံပင်ချေပိုထည့်ပီးကေ ကောင်းဝမ်းသာပါဖို.ထော။ ၇ခိုင်မုန်.တီကို မြည်းကြည့်ချင်ပါယင့်။ စနီနိ လားဖို.လို.စိတ်ကူးပါရေ။း) နိခင်းဖက်အားကေ။ 


ဓညဝတီဆိုင်အရှိတတည့်မှာ သူငယ်ချင်းဆိုင်ရှိရေဆိုခါ ယင်းဆိုင်မှာ ထိုင်ပြီးကေ လှမ်းလို. ဓါတ်ပုံရိုက်ယူခပါရေ။ စင်္ကာပူ ပထမဆုံး ရခိုင်ဆိုင်ဖွင့်စော်ဖြစ်တေ အတွက်နဲ. စီးတီးဟောမှာ ဆိုင်ဖွင့်ထားရေ သူငယ်ချင်း တရုတ်၊ ကုလား၊ မွန်၊ ဗမာ၊ ရှမ်း၊ ကရင် တိကို အနည်းဆုံးပြလို.ရပါဗျယ်။ ကိုယ့်ဆိုင်မဟုတ်တောင်မှ ထော င၇ို. ရခိုင်ဆိုင်လေ့ ရှိယင့်လို.။ ရခိုင်သားအားလုံး လားလို. အားပီးခီဖို. မမိပါကေ့။ ဓါတ်ပုံထည့်ပီးလိုက်ပါယင့်။


ခိုင်ဝေဇံ