Traffic Check

Website counter

Photo Of The Day!

Photo Of The Day!
ဝမြောက်ဥ စားလီကတ်ထော
In:

ရခိုင်သမတိ ဇာခါ မှ အလှဆင်ကတ်ပါဖို.လေး???


အကျွန်ရို. ရခိုင်သမတိ ဇာခါ မှ အလှဆင်ကတ်ပါဖို.လေး။


ရခိုင်သမတိ ဇာခါမှ ဖက်ရှင်ဆိုစော်ကို နားလည်ပါဖို.လေး။


အကျွန်ရို.အချေခါ တခါလေ့ မိပ်ကပ်မလိမ်းပါ။ သနပ်ခါးရာလိမ်းရေ။ မိတ်ကပ်ကို လိမ်းရဖို.ပြောရေ အိမ်မှာတောင်မရှိ။ အပျိုချေဖြစ်ခါ  ပရိုမီနာ လောက် အာချီလောက် နိမ်းရကေ ကောင်းဟုတ်ဗျယ်ထင်ခရေ။ မိတ်ကပ်လိမ်းရဖို.စော်ကိုလေ့ ရှက်တေ။ လွလီလွလွ မမချေတိရာ နိမ်းရေ၊ မိတ်ကပ်နိမ်းနီဗျယ်ထော လင်လိုနီဗျယ်လား နဲ.ပင် အိမ်ကလူကြီးတိ ပမှာ အပြောခံရရေ။ ကိုယ်က အသားချေကလေ့ မည်းနဲ.ဆိုခါ မိတ်ကပ်နဲ. နှုတ်ခမ်းဆိုးတင်လိုက်ကေပင် ကုလားမပိုင်ဂါနဲ.ပင် အပြောခံရရေ။ လှချင် ပချင်ရေ စိတ်ကို ချိုးနှိမ်ခံရရေ။ လက်ခံပါရေ။ ဆယ်တန်းထိ၊ ဇကုန် တက္ကသိုလ်ထိ။ မဖြစ်သင့်စော် မဖြစ်အောင်လို. တားသင့်စော်ကို တားရေလို.။ ယဂေလေ့သင့် မမချေတိကို နှုတ်ခမ်းဆိုးချေ ဆိုးကေပငါ လင်လိုနီဗျယ်လား ဆိုရေ အပြောမျိုးနဲ. တားစော် မှားရေလို.ထင်ပါရေ။ ဆင်သင့်ရေ အချိန်မှာ ဆင်ခွင့်ပီးရဖို.။ ပြင်သင့်ရေ အချိန်မှာ ပြင်ခွင့်ပီးရဖို.။ ကိုယ့်ကိုယ်ကို ဆင်ဆင်ပြင်ပြင် လန်းလန်းဆန်းဆန်း နီတတ်အောင်တောင်မှ သင်ပီးရဖို.။

ယဂေ အဂုဝါ တက္ကသိုလ်လေ့ ပြီးဗျယ်။ အလုပ်လေ့ ဝင်ဗျယ်။ ယဂေလေ့ သင့်မဆင်တတ် မပြင်တတ် စော်မမချေတိ ကောင်းအများကြီးပါဂါ။ နိုင်ငံခြားကို ရောက်ကေလေ့ မဆင်မပြင် မဝတ်တတ် မစားတတ် (မဝတ်ချင် မစားချင်လို. ရိုးရိုးချေလို. အကျွန်မယူဆပါ) ကားရီးကားရား ဇာဖြစ်လို. ဝတ်ကတ်ပါသိလေ။ ကိုယ့်စိတ်က ရခိုင်သမချေ တယောက် တော်စော် လှစော်တွိချင်ပါရေ။ တချို.က နင်ရို.မှာ  Natural Beauty ရှိပြီးသား တခုလေ့ Artificial တိကူဖို.မလိုလို. ပြောကတ်ပါလိမ့်မေ။ မှတ်ထားပါ ယင်းပိုင်ပြောစော် မနာလိုလို.။ နဂိုယလောက်လှကေ သင့်တင့်ရေမိပ်ကပ်တိ ပျင်လိုက်ကေ ဘလောက် လှလီပါဖို.လေး။ မြန်မာဝတ်စုံပင်ဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီ တီရှပ်ပင်ဖြစ်ဖြစ် လိုက်လိုက်ဖက်ဖက် သင့်တော်ရေ အဆင်အသွီးကို ဝတ်တတ်ကေ ဇာလောက်လှလီပါဖို.လေး။  Natural Beauty မရှိကေလေ့သင့် ကိုယ်နဲ.လိုက်ဖက်တေ မိတ်ကပ်နဲ. တော်ရုံသင့်ရုံ ပြင်ကေ နဂိုရုပ်ထက် အများကြီးထွက်ပါရေ။  ကိုယ့်မှာ Confidence အများကြီးပိုရှိရေ။ ဇာတ်သမပိုင် မိတ်ကပ်တတောင်လောက် တင်ဖို.ပြောနီစော် မဟုတ်ပါ။

ရခိုင်သမတိ မဝတ်တတ် မစားတတ်ကေ ကိစ္စမှာ ရခိုင်သားတိစနက်အများကြီးပါပါရေ။ ရခိုင်သားတိမှာက ကုလားစိတ်ပိုင်ပါဗျယ်။ ဘူမခြုပ်ခိုင်းစော်ရာ ရှိပါဖို.။ Ideal မယားဆိုစော် ခဲဝါဥဖွေးလို.နိမ်းလို. ပါတိတ်ချေဝတ်ပျယ် လင်လာစော် စောင့် ၊ ဆဲကေခံ ခိုင်းကေလုပ်ကေ မယားကောင်းလို. သတ်မှတ်ပါရေ။ ယင်းချင့်တောင်မက ဝတ်စော်စားစော် မမချေရှိကေ လွမလို. ကဲ့ရဲ့ရှုံ.ချတတ်သိရေ။ အဂုတော့ အယင်ကလောက် မဆိုးပါဗျယ်။

နိုင်ငံခြားကိုရောက်လို. အတိုဝတ်ရဖို. အပြတ်ဝတ်ရဖို. ဘီကီနီဝတ်ရဖို.လို. မပြောပါ။ ယကေလေ့ ဝတ်ကေ ဇာဖြစ်လေလို. မီးချင်ပါယင့်။ နွီရာသီမှာ အတိုဝတ်စော်အဆန်းပါလား။ ကမ်းခြေလားလို. ဘီကီနီဝတ်စော် အဆန်းပါလား။ အေမှာ ၇ီကူးကန်လားပြီးကေ ထမီရင်ကန်.လို. ၇ီချိုးမေ ဆိုလို. ရပါလား။  အချိန်နဲ.အခါနဲ. လိုက်ပြီးကေ ဝတ်တတ်ကေ ကျီဗျယ်လို. ထင်ပါရေ။ ယဂေလေ့ ငါနိုင်ငံခြားက ပြန်လာရေဟေးဆိုပြီး စစ်တွေ ပွိုင့်မှာ ဘီကီနီနဲ. ပြီးနီကေ မျှော်စင်ထက်ကနီ တိုးချတောင် ခံရဖို.သိ။ အချိန်အခါသင့်ကေလေ့သင့် နေရာ သင့်လာ မသင့်လာကြည့်ရပါသိရေ။ အဂုက ဘီကီနီထားလို. ကြိုးတချောင်း အင်းကျီဝတ်ကေပင် အဘာလေး ကိုယ့်ယဉ်ကျေးမှုကိုသတိရကတ်ပါ၊ ရိုးရာကိုသတိရကတ်ပါ။ မမချေတိ မလော်လီကတ်ပါကေ့ နဲ.ပင် ကြားရပါရေ။ ခေတ်ဆိုစော်ကို မိနီကတ်ပါရေဂါ။

ရိုးရာကို တချိန်လုံး စွဲနီလို.မရပါ။ မျက်စိဖွင့်ကြည့်ပါ။ တကမ္ဘာလုံးပြောင်းလဲနီစော်ပါ။ လူမျိုးစုတိုင်း ကြုံနီရစော် ကိစ္စပါရာ။ သင့်တော်ရေပိုင်လိုက်ပြီးကေ Adept လုပ်ဖို.အချိန်လို.ထင်ပါရေ။  ငါရခိုင်သား ရခိုင်လူမျိုးတိုးတက်အောင်ကြိုးစားမေ နင်ရို.ရခိုင်သမတိတခုလေ့ လုပ်ဖို.မလို အိမ်မှာနီကတ် အပြင်မထွက်ကေ့ဆိုစော် အတွေးမျိုးထက် ကိုယ့်ဒူးကိုယ်ချွန် ရခိုင်သားနဲ. ရင်ဘောင်တန်းနိုင်ရေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရေ၊ စိတ်ဓါတ်ခိုင်မာရေ တက်ကြွရေ ရခိုင်သမတိကို လက်တွဲခေါ်ရပါဖို.မဟုတ်ပါလာ။ အေရခိုင်သမလှရေ၊ ရခိုင်သမချေမိုက်တေထော၊ ဝတ်တတ်စားတတ် ပြင်တတ်ဆင်တတ်တေ တော်ရေ ဆိုကေ ချီးကျူး ဂုဏ်ယူနိုင်ရဖို. မဟုတ်ပါလား။ အဂုက ဆန်.ကျင်ဘက်ပါဂါ။

အဂုတော့ ပြင်ပြင်ဆင်ဆင် ဝတ်တတ်စားတတ်တေ ရခိုင်သမချေတိ များလားစော်ကိုတွိလို. ဝမ်းသာရပါရေ။ ထော ငရို.ရခိုင်သမယေ တပျင်းမိုက်တေလို. ပြောလို.ရပါရေ။ ကျန်စော် တော်ရိတော်ရော် အလှအပကို စိတ်မဝင်စား ဖြစ်တေပိုင် ဝတ်မေ အရေးမကြီးလို. ထင်ရေ ရခိုင်သမချေတိကိုလေ့ ပြောချင်ပါရေ။ မိတ်ကပ် ၅ မိနစ်လောက် အချိန်ယူပြီးပြင်ဖို.မခက်ပါ။ ဖေ့သာလေ့မကုန်ပါ။ အဝတ်အစားကို တုံးတိကြီးမဟုတ်ပဲနဲ. လိုက်ဖက်စော်ကို တွဲလို.ဝတ်ဖို. မခက်ပါ။ အကျွန်ရို.စော် နိုင်ငံခြားမှာ ယောက်ျားတိနဲ. ရင်ဘောင်တန်းပြီးကေ လုပ်နီရေ Professional , Mature ဖြစ်တေ မမချေတိပါ။ လူကြားသူကြားမှာ Impressed ဖြစ်အောင် ဝတ်တတ်စားတတ်ဖို. ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်ပြင်တတ်ဖို. လိုကို လိုပါရေ။

အေဘလော့ပို.စ်ကို ရွီးချင်စော် နှစ်နဲ.ချီနီပါဗျယ်။ အဂုမှရွီးဖြစ်တေ။ နောက်ထပ်လေ့ အကျွန်ရွီးဖို.စိုင်းစားထားစော်ရှိပါရေ။ အဝတ်အစားအကြောင်းပါ။ ကိုယ်ယလောက်ထိ မသိကေလေ့သင့်ပြိန်းတောမှာ ဓါးက ကြည့်ပါမေဒေ။ ရခိုင်ဖက်ရှင် ဘလော့ဂါလို.မရှိသိပါဂါ။ မမချေတိထဲက တစ်ယောက်နှစ်ယောက်လောက် ထပြီးလုပ်ကေ ကောင်းပါဖို.။ မမချေတိကို ဘလော့မှာများများ Active ဖြစ်စီချင်ပါရေ။ အစားအသောက်အကြောင်းကို အမြဲတမ်းရွီးနီလို.မရခါ နည်းနည်းပါးပါး တော့ပစ် ပြောင်းကြည့်စော်ပါ။ အလုပ်များနီလို. ထိုလုပ်စား အေလုပ်စား လုပ်လို.မရခါ နောက်ထပ် ရခိုင်စာ  ပို.စ်က မတင်ဖြစ်ဖြစ်နီပါရေ။ မကြာခင် တင်နိုင်ဖို.ထင်ပါယင့်။း)

ခိုင်ဝေဇံ

In:

သင်္ကြန် ခေါက်ဆွဲသုပ်

မေမေလာခက လုပ်ပီးပခစော်ချေတိပါ။

အထူးအဆန်းမဟုတ်ကေလေ့ ကိုယ့်စော်ကိုယ် တော်ရုံတန်ရုံလုပ်စား ဖြစ်စော်တိမဟုတ်ခါ ခေါက်ဆွဲလောင်ဗွန်းကို မြင်လိုက်စော်နန်. ရွှေရစော်ထက်ပျော်ရေ။

ကိုယ်ရို.ပမှာ သင်္ကြန်ခါဆိုကေ ကြာဇံကို ယင်းပိုင်ဗျယ်အားရပါးရ သုပ်တေမဟုတ်ပါလားယေ။ အိမ်မှာ သင်္ကြန်ခါ အိမ်သား တယောက်ယောက် အစာတက်ပျယ်ဆိုကေ မုန်.ချိုချေလုပ်ပြီးကေ ဘုရားကပ်၊ ပြီးကေ အေ ခေါက်ဆွဲ မဟုတ်ကေ ကြာဇံကို အမြဲတမ်းသုပ်ပြီးကေ အိမ်တိုင်းလိုက်လို.ဝီပါရေ။

ချက်နည်းကတော့ ထူးထူးခြားခြားမဟုတ်ပါ။ ဆီချက်တေအခါ အရောင်တင်နဲ. ငပိနဲ.ထည့်ချက်။ ပြီးကေ ကြက်သွန်ကြော်၊ ကြက်သွန်စိမ်းနဲ. ကြက်ဥပြုတ်ပပါးချေလှီးပြီး အုပ်ထားစော်။ ပြောခါလွယ်ရေ။ ကိုယ့်စော်ကို လုပ်ကြည့်လို. အချိန်အဆ မတတ်ကေ ပျက်ပျယ်ယေ။

မေမေ ပြန်လခကေလေ့ သတိရပါရေ။ အမိအေခေါက်လာခါ စိတ်ချမ်းသာအောင်ထားလိုက်ရပိုင်မတွိ။ တခုကိုလေ့ အလှပ မလိုက်ပို.လိုက်ရ။ တချိန်လုံးအလုပ်ထဲမှာ။ ပြန်လာကေ အိပ်ပျယ်။ ရုန်းနီရ ကန်နီရစော်ကိုး ဘဝမှာ။ နောက်နှစ်ပ လေ။ နောက်နှစ်ခါတော့ သေသေချာချာ မေမေလာရေတစ်လ သမီးလိမ္မာ ဖြစ်အောင် လုပ်ပါဖို.။


စားနိုင်ကေ ကိုယ့်ဖို.
ခိုင်ဝေဇံ

In:

ရခိုင်ဝတ်စုံနန်.မလှရေ ရခိုင်သမ

ကွန်ပျူတာကလေ့ တချိန်လုံး Hang နီရေဂါ။ မောက်စ်ကိုတောင် မကိုင်ဝံ့ဗျယ်။ ဟောင်းဗျယ်ကိုး။ အဆိုးအဆာချေ ဝယ်ထားစော်။ ဈီးယလောက်ထိ မကြီးစော်ထဲက။ ၃နှစ်လုံးလုံး အပြောင်းသုံး အပြန်သုံး ကျောက်လို. ကန်လို.သုံးလာစော်။ မပျက်စော် ကို ရှိခိုးဦးတင် ကျေးဇူးတင်ရဖို.။ အေလဆိုကေ ကွန်ပျူတာကို ShutDown မလုပ်စော် ၃လပြည့်ဖို.ဗျယ်။ ဟီးဟီး။ လူရှိကေလေ့ဖွင့်ထား လူမရှိကေလေ့ဖွင့်ထား ။ ကွန်ပျူတာနဲ. နပန်းလုံးနီတုံး (ကိုယ်အရှုံးရာ) အခန်းဖော်ကဝင်လာရေ။ လက်ထဲမှာလေ့ ပိတောက်ခြောက်ရောင် ပြောင်ပြောင်လက်လက်နဲ. မျက်စိတောင်ကန်းဖို.။ ဇာလေးဆိုမှာ ရခိုင်ဝတ်စုံလတ်။ ခရစ်စမတ်မှာ ရခိုင်ဝတ်စုံဝတ်ပြီးကေ တေးခြင်းဆိုဖို.ကျရေဆိုဂါ။ သူက ခရစ်ယန်။ ဘဇောင် အရောင်တရောင်လေဂု။ ကိုယ်အမုန်းဆုံးအရောင်နဲ.မှ တတည့်လာကျရေဂါ။ ယူကြည့်လိုက်တေ တနားချေ။ ရခိုင်ဝတ်စုံက ဘရားစူး မိုးကြိုးပစ်။ အသားလို.လေ့ မကောင်း။ ပုံကလေ့ မကျ။ ယေဂေလေ့ မဝတ်ရစော်ကြာဗျယ်ဆိုဂေ တနားချေ ဝတ်ချင်စိတ်ပေါက်လာရေ။ ယဂေ ဝတ်ကြည့်မှာ ခြုပ်ပီးစော်မမကို ရွှေတံဆိပ်ဆု ချချင်စိတ်ပေါက်လခရေ။ ရင်ခံက ကျပ်တေ။ အထက်က အင်းကျီက ကျကေ တိုနီရေ။ ထဘီကကျကေ သန်နဲ.ကြီးနဲ. ဝတ်လို.ပင်မနိုင်။ ဇာပိုင် ခန္ဓာအတွက် ခြုပ်ပီးလိုက်တေဂ မဆိုနိုင်။ ယဂေလေ့သင့် ဝတ်ဖို.ကျဗျယ် မနားယေ ဇာတတ်နိုင်ဖို.။ ဓါတ်ပုံတိတော့ ကိုယ့်အကြောင်းကိုယ်သိ တပျင်းရိုက်ပလိုက်တေ။ ၁၀ ပုံလောက်ရိုက်မှ ၁ပုံ လှစော်ထွက်ဖို.စော်။ အံ့သြောဖို.ကောင်းစော်က အပုံ၂၀လောက်ရိုက်စော်မှ ပုံကျစော်ချေ တပုံတောင်မှ မပါ။ အမှတ်တရပလေ။ နောက်တခါ ဝတ်ဖြစ်ဖို.ဆိုစော် မလွယ်။

မှတ်မိသိရေ ရခိုင်ဝတ်စုံကို နောက်ဆုံးဝတ်ခစော် စစ်တွေ လောကနန္ဒာဘုရား အုပ်မြစ်ချပွဲမှာ ဗန်းကိုင်ခခါက။ ယင်းခါက ကိုယ် ကုသိုလ်ယူခရေ ဘုရားကို ဘုရားတည်ပြီးခါမှ ကိုယ်တခါလေ့ မဖူးရသိထော။ မှတ်မိသိရေ ယင်းခါကိုယ့်ကို ဆင်ပီးစော် ဒေါ်နုမြသန္တာ။ ကိုယ်ကိုင်ရစော် ငွေအုပ်။ ခေါင်းမူးလို. အိမ်ကို ရခိုင်ဝတ်စုံနဲ. ပြန်လာစော် ဝတ်စုံတဝက်ရာပါလာရေ။ ထဘီ အသူချွတ်လို.သိမ်းထလိုက်လေမသိ။ ဆရာမ ဆွေဆွေသန်းလတ် နောက်ခါမှ သိရေ။ စကပ်နဲ.ရာ မပူကတ်ကေ့။ အချေခါကတော့ ရခိုင်ရိုးရာဝတ်စုံ ရက်ပြတ်ဝတ်ရရေ။ ကိုယ်ရို.က ပြည်တော်သာ ကျောင်းမှာတက်ခါ လူကြီးကြိုကေ အမြဲတမ်းကိုယ်ရို.ကျောင်းက ကြိုရစော်များရေ။ ဖြစ်စော်က ကျောင်းမှာ လူကြီးကြိုဖို. လူရွီးရေ အခါ အလှပလှ ဆိုက်တူ ဂိုက်တူချေတိကိုစီ ရွီးရေ။ ကိုယ်က မလှဂေလေ့ သူရို.နဲ. အရပ်တိုင်းလိုက်ခါ တဆိုက်တည်းဖြစ်နီရေ။ ဟီး။ ယင်းတွက်နဲ.စီ ပါလခရေ။ တခါပါပြီးကေ အတွိအကြုံရှိရေ လူကိုပဲ ဆက်လို.ရွီးရေဆိုခါ အမြဲတမ်းပါလခရေပ။ ကိုယ်လေ့ ကောင်းပျော်ရေ လိုက်ရကေ။ တခြားကြောင့် မဟုတ်။ လေယဉ်ကွင်းကို လားလို. ကြိုရကေ လူကြီးတိ အတွက် စီစဉ်ထားစော် အစားကောင်း အသောက်ကောင်း (အကျန်၊ လူကြီးတိ စားပြီးခါမှ ကိုယ်ရို.ကို ကျွေးစော်) ကိုစားရလို.။ ထုံးစံအတိုင်းပယေ။ မဆိုင်ကေလေ့ ပါလာစော်ပဲ အစားအသောက်အကြောင်း။

ယဂေ ပြောနီစော်အကြောင်းကို ပြန်ကောက်လိုက်မေ။ ဝတ်ရာ ဝတ်ရစော် ရခိုင်ဝတ်စုံနဲ. ကိုယ်နဲ.က သူတော်မနဲ. ခေါင်းဖြီးနဲ.ပိုင်။ တခုပိုင်လေ့ တတည့်မကျ။ အယင်ခါက ယောက်ခလျှာလုပ်ပြီးနီခစော် ဖြစ်လို. ယင်းခါကြည့်လို.မလှစော်ရာ။ အဂု ဆံပင်အရှည်နဲ. ယက်နဲ.ဆိုကေ ကြည့်ကောင်းချင်ကောင်းဖို.နန်းရာလို.ဆိုပြီး ဝတ်ကြည့်မှာ။ ဇာကဟုတ်ခီဖို.လေး။ ယင်းအတိုင်းသိ။

အင်း........... ဇာခါမှရခိုင်ပိုင်ဝတ်လို.လှလီဖို.လေးဂု။


 

ခိုင်ဝေဇံ

In:

ပဒဂါသီး သုပ်စားကတ်ပါမေ

ပဒဂါသီးသုပ် စားဖို. ပါးစပ် တပြင်ပြင်နဲ. ဖြစ်နီစော် တစ်နှစ်လောက် ရှိဗျယ်။ လူမစုမိစော်နဲ. စင်္ကာပူမှာ ပဒဂါသီး အစိမ်းရှားစော်နဲ. တခါလေ့ မလုပ်စားဖြစ်။ ညမချေ ခင်ဥမ္မာထွန်း နဲ.  Facebook မှာ တွိတုန်း ပြောလိုက်တေ။ ပဒဂါသီး သုပ်စားကတ်မေလို.။ ရပါရေ မမ လူစုလိုက်ပါမေ။ စနီနိရာ ၃နာရီလောက်အိမ်ကို ပါလတ်ပါလတ်။ ယဂေ သဂါတွင်းကျစော်ဗျယ် မဟုတ်ပါလားယေ။

စနီနိခါ သုံးနာရီတောင်မထိုးသိ စားပါလခရေ။ ယပြီးဂေ အောက်ထပ်က ဆိုင် က ချယ်ရီသီးချေ ကြက်မောက်သီးချေ အစပ်ပြေစားရအောင်လို. ဝယ်ခရေ။ ခင်ဥမ္မာထွန်း ပဒဂါသီး နှစ်လုံးနဲ. ကျင်ကွင်းလို.ရာတွိပါရေ။ တယောက်လေ့မရောက်သိ။ ပုဇွန်ခြောက်ရီစိမ်၊ ငပိ အားရပါးရ တစ်တုံးနဲ. ငရုတ်သီးမီးဖုတ် တစ်ပုံအနားမှာတွိရေ။ လာ ယဂေ အခွံသင်ကတ်မေ ဆိုပြီးက ပဒဂါသီးတစ်လုံး အယင်ကိုင်ရေ။  ဓါးက တုံးရေ ဆိုစော်မှာ သူပါကိုယ်ပါ ချွေးပပြိုက်ပြိုက်ကျပါရေ အခွံသင်စော်။  ပေါက်ဖို.လားဆိုမှာ မပေါက်မမတဲ့။ အတုံးချေ အတုံးချေ လှီးဖို.တဲ့။ ကိုယ်ကပဒဂါသီးဆိုကေ ပေါက်မှ စားကောင်းပိုင်တွိရေ။ ယဂေ ကိုယ်က ပေါက် သူက အတုံးချေ လှီးနဲ.ပင် နှစ်ယောက် ချင်ဆီပျင်ကတ်ပျယ်မနားယေ။ စကားလေ့ တပြောပြောနဲ. ၄နာရီထိုးဗျယ် တယောက်လေ့ မရောက်။ ရခိုင်သားနာရီ။း)


တနားနီမှာ ကံဆိုးသူမောင်ရှင် ခင်မောင်ဦး ရောက်ပါလတ်ပါရေ။ လုပ်နီစော် တစ်နာရီရာ ရှိရေ လက်ကားရား ခြီကားရားနဲ. လုပ်နီကတ်စော် ပဒဂါသီး ပေါက်စော် အလုပ်မပြီးသိ။ ထိုကလေချေလာစော်နဲ. ကယ်တင်ရှင်လာပိုင် ကောင်းဝမ်းသာလားစော်ပါရာမနား။ ယဂေ ၃ ယောက်ဝိုင်းလို. လုပ်ပစ်ကေ စကေယင်လားပါရေ။ ပဒဂါသီး နှစ်လုံးကို လောက်ဖို.လားမလောက်လား စိုင်းစားနီစော် ဒုံပြတ်ရရေ။ ယပြီးကေ ငရုတ်သီး တစ်ဒုံ ထောင်းရေ။ ပုဇွန်ခြောက်ထောင်းပြီးကေ ငရုတ်သီး ငပိနဲ. အရာရောလို.ထောင်းရေ။  ကြက်သွန်ဖြူ အကြီးမသန် တစ်ဥ နဲ. ငရုတ်ကောင်းက တစ်ပုံထောင်းရေ။ ယင်းခါကပင် အနံ.က မွှီးနီပါဗျယ်။  အားလုံးထောင်းပြီးစော်နဲ. မင်းဂျိုးသီး အပိ ကို ရီနဲ. ပပျစ်ချေ ဖျော်ပလိုက်တေ။ ယပြီးကေ နယ်ဖို. အဆင်သင့်ဖြစ်ပါဗျယ်။ ၅နာရီထိုးပါဗျယ် တစ်ယောက်လေ့ မရောက်သိ။

ရခိုင်မုန်.တီ ဟင်းရည်ထုပ် (အသင့်စား) တစ်ထုပ်ကို ခင်ဥမ္မာထွန်း အိမ်က အမ တစ်ယောက်ကလာပီးရေ။ ယင်းချင့်ကို ရီထည့်ပြီးကေ ဟင်းရည်ဆောက်။ ယပြီးကေ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပုဇွန်ခြောက်ထောင်းဗျယ်ထည့်ပလိုက်မှာ ကောင်းစားကောင်းထမန်းဟင်းရည် ဖြစ်လခရေ။ ပဒဂါသီးကတော့ သုပ်ဖို.အဆင်သင့်ဖြစ်နီဗျယ်။ များလို. နှစ်ဒုံခွဲလို.သုပ်ရရေ။ ရောလို.သုပ်ဖို. မုန်.တီဖတ်လေ့ အဆင်သင့်ဖြစ်ပျယ်။ ပဒဂါသီးထည့်။ ငရုတ်သီး ငပိ ကြက်သွန်ဖြူ ငရုတ်ကောင်း ရောလို.ထောင်းထားစော် တစ်ဝက် ကိုထည့်၊ မင်းဂျိုးသီးအရည် တစ်ဝက်ထည့်ပြီးကေ ရောလို.မွှေ ပလိုက်တေ။ အနံ.က ဆောင့်လို.တက်ပါရေ။ အနှစ်နှစ် ကာလ က စားချင်နီသော် ရခိုင်ပဒဂါသီးသုပ်အနံ.။ မွှီးလို. ကြိုင်လို.။ ဆားမြည်းချင်လို. မရှိဗျယ်။ ဆားမြည်းပြီးစော်နဲ. ထုံးစံအတိုင်း အချဉ်လိုနီပိုင် အစပ်လိုနီပိုင် တွိရည်။ အရာ တကျော့ ငရုတ်သီးနဲ. အချဉ် ထပ်လို.ထည့်ရေ။ ယပြီးကေ မုန်.တီဖတ်ထည့်လို. သုပ်ပလိုက်တေ။ နည်းစော် မဟုတ်တစ်ဒုံ။ သုပ်လို.ပြီးစော် နဲ. လူတိလေ့ ရောက်ကတ်ပါဗျယ်။ နောက် မုန်.ဖတ်မပါပဲနဲ. ပဒဂါသီးသတ်သတ် အားရပါးရ တစ်ဒုံသုပ်ပါသိရေ။ ယပြီးခါမှ ဟင်းရည်သောက်ချေနဲ. စားပလိုက်စော် ကောင်းအရသာရှိစော်ရာ မဟုတ်ပါလား။

စပ်စော်ကတော့ မပြောပါကေ့။ ငရုတ်သီးနည်းနည်းများလားရေ ထင်ရေ။း)   အဝင်ပူရေပိုင် အထွက်လေ့ ပူပါရေ။ နောက်နှစ်ရက်ဆက်တိုက် အိမ်သာနားမှာ ကပ်လို.ရာနီရရေ။  ယဂေလေ့လင့် အရာတစ်ခေါက် သုပ်စားပါဖို.သိ။ တောင်းဆိုရေလူတိကလေ့ အများကြီးထော။း) ယင်းခါ စားဖို.ဖိတ်လိုက်ပါမေယေ။

စားနိုင်ကေ ကိုယ့်ဖို.။
ခိုင်ဝေဇံ

In:

ရခိုင်စတိတ်ရှိုး အမှတ်တရ

ရခိုင်စတိတ်ရှိုးနိ အကြောင်းကို ပြောပါမေဒေ။ ညဇက ၂၀ရက်နိက။ အလုပ်ရှိယင့်သားနဲ. အမ်စီ ယူပြီးကေ လားလို.ကြည့်ခီစော်ပါ။ အဝတ်အစားအတွက်လေ့ အများကြီး စဉ်းစားပြီးကေ ဝတ်လားပါရေ။ ဟိုပေါ် အေပေါ်လို. အပြောမခံရအောင်၊ ရခိုင်သားတိ မေးမငေါ့ရအောင်လို.။ ယဂေ တက်က်စီနဲ.လားဖို.လို.။ ယေမှာ ဂျူရောင်း စာကြည့်တိုက်နားမှာဆိုလို. ရထားနဲ.ပဲလားခရေ။ ပူလိုက်တေဆိုစော်မှာ မပြောကေ့။ အေကိုရောက်ခါကပင် တခါလေ့ ရခိုင်လူအုပ်ထဲကို မလားဖူးခါ ကြောက်ပိုင် လန်.ပိုင်တော့ ဖြစ်နီရေ။

Informatic ကျောင်းထဲကို မဝင်ခင် မီးပွိုင့်မှာ လူတယောက်က လာလို.နှုတ်ဆက်ပါရေ။ မခိုင်ဝေဇံ မဟုတ်ပါလာ လတ်။ တခါလေ့ လေ့ မမြင်ဖူးပါ။ ဟုတ်ပါရေလို.။ ယေမှာ ကျွန်တော့ကို သိပါလာလတ်။ မသိပါလို. ပြောမှာ အေအမ်ပီကပါလတ်။ အော် ဓတ်ပုံ မတင်ရှိမေ။ ကိုယ်က တခါက မမြင်ဘူးပဲနဲ. သိပါလာဆိုလို. ဘဇောင်ရဖို.။ ဒိဗ္ဗစက္ခု ရနီစော်က မဟုတ်။  အော်ဟုတ်ပါယင့်ဆိုပြီးကေ နာမည်တောင် မမီးခရပါ။ မီးစိမ်းကေ ပရုံးနရုံးလမ်းကူးလို.ပြီးလာရရေ။


ရောက်စော်နဲ့ စားဖို.သောက်ဖို.လုပ်ကတ်ပါရေ။ လက်မှတ်ပြပြီးစော်နဲ. ထမင်းဘူးလာပီးပါရေ။ ဝက်သားနဲ.ခရမ်းသီးနဲ.။ မစားဖြစ်ခပါ။ အိမ်ကစားလာစော် ကောင်းဝမ်းတင်းနီလို.။ ဓါတ်ပုံတော့ရိုက်ယူခရေ။ လူတိ ဟိုနားမှာ တစု အေနားမှာ တစုနဲ. ကိုယ်မျက်နှာမြင်ဖူးရေလူတိ အများကြီး။ တချို.ကလည်း ပြုံးရုံပြုံးပြရေ။ တချို.ကလည်း ကိုယ့်ကိုချောင်းကြည့်ပြီးကေ ကိုယ်ကကြည့်ကေ မျက်နှာလွှဲလားကတ်ပါရေ။ အေအမ်ပီမှာ မြင်ဖူးစော်လူတိ (မမချေတိ အများစု) တွိကေလေ့သင့် တယောက်နဲ. တယောက်နှုတ်မဆက်ကတ်ပါ။  ရခိုင်သမတိ စိမ်းတုန်းပါသိ။ မိတ်ဖွဲ.ကို ကြောက်တုန်းပါသိ ထင်ပါယင့်။

ဓါတ်ပုံမြင်ဖူးရေလူတိ အများကြီးတွိပါရေ။ သိရေလူများနီခါ ဇာသူ.ကို နှူတ်ဆက်လို. ဆက်ရဖို.မှန်းမသိဖြစ်နီရေ။ ကိုယ်ရင်းရင်းနှီးနှီး သိရေလူ တယောက် နှစ်ယောက်လောက်နဲ. စကားပြောနီကတ်ပြီးကေ ကြည့်ဖို. အထဲကို ဝင်ကတ်ပါရေ။ ယဂေပွဲစရေမဟုတ်ပါလားယေ။ ရခိုင်သမချေက အယင်စလို. ဆီမီးခွက်ကပါရေ။ ယပြီးစော်နဲ. ဘုန်းလျှံထွက်လာပြီးကေ တေးခြင်းတပုဒ်ဆိုရေ။ ခန်းမက ကျယ်က ထိုဖက်ဒေဖက်လူထိုင်ပြီးကေ အလယ်မှာ ကချင်ဂေ ကလို.ရအောင်စီစဉ်ပီးထားပါရေ။ တယောက်လေ့ မရှိသိပါ အလယ်မှာ။ အော် မဟုတ်။ တယောက်တည်းရာရှိရေ။ လူတယောက်။ အေအမ်ပီမှာ မြင်ဖူးပိုင်တော့တွိယင့်။ တယောက်တည်းကနီရေ။  သူ.ကို ကြည့်ရစော် စင်ထက်က တေးခြင်းဆိုစော်လူထက်ပိုပြီးကေ ဈန်ဝင်နီပိုင်မြင်ပါယင့်။ ဘုန်းလျှံဆိုအပြီးမှာ ယုယုလှိုင်ထွက်လာရေ။  မီနီစကပ်အတိုချေနဲ. Fishnet Stocking ကိုဝတ်ပြီးကေပါ။ ဇိရှင်ကိုးကေ ဝတ်ပြုရေ တေးခြင်းကို စကပ်တိုချေနဲ. ပေါင်ကားပြီးကေ ဆက်ဆီကျကျ ကပြီးကေ ဆိုလားပါရေ။ အိမ်း အေတေးခြင်းချေကို ရိုးရိုးချေဆိုလို.မရလား အလူရို.။ တေးခြင်းကိုလေ့ အားနာကတ်ပါအုံးသိ။ တခါတည်း လက်လန်လားရေ။ ယေကေလေ့ ဘုန်းလျှံနဲ. ယုယုလှိုင် နှစ်ယောက်တည်းနဲ. ပွဲစည်အောင်လုပ်လားစော်ပါ။ သူရို. Showmanship နဲ. ပွဲထိန်းနိုင်မှု ကို ချီးကျူးရဖို.။

ယကေ စက္ကောမ အဖွဲ.ကိုက မသိ။ ယင်းဖက်တိနဲ. အဆက်ပြတ်လားစော်ကြာဗျယ်ဆိုခါ အသစ်ပေါ်စော်တိကို မသိလိုက်ဗျယ်။  ညဏ်မင်းသန်. နဲ.မင်းမင်း ဆိုပြီးကေအဆိုတော် ၂ယောက်ပါရေ။ ညဏ်မင်းသန်. က လေးဖြူအငယ်စားချေပိုင် အလှပချေ လို.မြင်ယင့်။ ယေကေလေ့ ဝရေ။ ခန္ဓာပြပြားပျင်လို.။ ချစ်တော့ ချစ်ကောင်းထမန်းချေဟေးလို. ယေကေလေ့ ဘော်ဒီကမလှလို. ပြောနီရေ သူငယ်ချင်းကို။ ခြသေ့င်္ဟိန်းနီပိုင်ရာ ကြားရရေ ကျန်စော် တခုလေ့နားမလည်။ အသက်ကြီးလားလို. ရှိဖို.။ ယင်းပိုင်တေးခြင်းတိကို ခံစားလို.ကောင်းမရဗျယ်။ ညဇဖက် အိမ်ရောက်မှာ သူငယ်ချင်း လှိုင်မီက အွန်လိုင်းမှာ မီးရေ ဟေး ငါ့မောင်ချေ တေးခြင်းဆိုစော်ကောင်းလာလတ်။ အသူလေ ဆိုမှာ ညဏ်မင်းသန်.ဆိုဝါ။ အဘာလေး လောကကြီးလေ့ ကောင်းအကျဉ်းချေရာမနား။

ဇာလောက်ပင်ခေတ်ပေါ်တေးခြင်းကောင်းကောင်း၊ ရိုးရာက မမကိုပြိုင်လို.မနိုင်ပါ။ စက္ကောမလေ့ မနိုင်။ တယောက်လေ့ နိုင်ဖို.မဟုတ်။ ဝင်းကိုခိုင် တေးခြင်းတိတောင်မနိုင်။ ဝင်းကိုခိုင် တောင်မနိုင်ဆိုခါမှတော့ ကျန်စော် လူတိ ထည့်လို.မစဉ်းစားကေ့ဖိ။ ရိုးရာက မမဆိုလိုက်စော်နဲ. ပရိတ်သတ်တိ ပြိုပါရေ။ ကိုယ်တောင်မှ ဝင်လို.ဆိုပခသိယင့်။ မနီနိုင်ထော။ စိမ်းညိုမှိုင်းကေ နွယ်ချိုဖိုးခေါင်ရိုးမတောင်လေ ဆိုစော်တေးခြင်းကို သတိရရေ။ တယောက်လေ့ မဆိုခကတ်။ ယင်းအဆိုတော် အခင်ဦးမောင်သိန်းလားမဆိုနိုင် အနည်းကောင်းမသိ။ သင်္ကြန်တေးခြင်းခွေတိမှာ လေ့ အားရပါးရ ကကောင်းစီကရေ အသံကလေ့ နောင်းလို.။ သူပါကေတော့ခါ ရခိုင်သားတိ ပြိုကတ်ဖို.။ ကိုယ်တောင်မှ ထလို.ကချင်ကဖို.သိ။ ဝင်းကိုခိုင်တယောက်မပါစော်ကို အဂေါင့်စိတ်မကောင်း။ စကားမစပ် ဝင်းကိုခိုင်လပျိုပါလာ။ မယားယူရေ ဘာညာမကြားလို.ပါ။ လပျိုဆိုကေ မယားလျှာ လျှောက်လွှာတင်ဖို.လားဖို.။

Announcer ၄ယောက်
 
ဆီမီးခွက်အက (အေးမြတ်မွန်)
 
 ရခိုင်ဝတ်စုံနဲ. မောဒယ်ရှိုးပွဲ (မမချေတိကို အသေအချာမမြင်ရစော် ဆောရီးပါ။ ကျော်ဖြိုးဝေ အပြစ်။ မမချေတိကို အသေအချာမရိုက်)
အဆိုတော်တိ ဆိုစော်ထက် ပရိသတ်ကြိုက်စော် အစီအစဉ်က မော်ဒယ်ရှိုးပါ။ မမချေတိ ထွက်လာကေ ယောက်ျားချေအားလုံး စင်ရှိကိုပြီးလခကတ်တေ မြင်ယင့်။ ကိုအောင်မြတ်ကျော် အနောင်ဆာလုပ်စော် ကောင်းပါရေ။ ပရိတ်သတ်ကို ပွဲစည်အောာင် အတတ်နိုင်ဆုံး ဆွဲခေါ်လားစော်ကို တွိပါရေ။  ကျန်စော်သုံးယောက်ကို တော့ မကြိုက်ပါ။ ကိုဇော်ဇော်ဝင်းရို. မော်ဒယ်ဘွိုင်းလုပ်စားလို.ရပါဗျယ်။ အရပ်နည်းနည်းရှည်ကေ ကိုထွန်းအေးကျော်သေချာပေါက် မော်ဒယ်ဖြစ်ပါရေ။ နောက် ကိုကျော်မျိုးထွန်းလားမသိ formal ဝတ်စုံနဲ.တယောက်လည်းသင့် ခန်.လို.မြင်ယင့်။ ရခိုင်ဝတ်စုံနဲ. လျှောက်တေ အခေါက်ကို တော့ သဘောမကျ။ ခေတ်ဝတ်စုံနဲ.လျှောက်ခါတော့ ကြည့်လို.ကောင်းကတ်ပါယင့်။ မမချေတိကတော့ အားလုံး အလှအပချေတိပါ။ မမချေတိထဲမှာ ရခိုင်ဝတ်စုံနဲ.လျှောက်ခါပါရေ ကလေ့မေချေ တယောက်ကို ကောင်းသတိထားမိပါရေ။  ၄ယောက်မြောက်ပါ။ ကောင်းချစ်ကောင်းထမန်းချေ။ ကျန်စော် လူတိက တယောက်ကိုလေ့ မကြည့် တိုင်းလို.လျှောက်လခရေ။ သူက ပရိတ်သတ်ဖက်ကို ကြည့်ပြီးကေ ရယ်လို.ပြုံးလို.ချေ လျှောက်လခစော် ကောင်းမျက်နှာချိုရှိရေ။ ခေတ်ဝတ်စုံနဲ.လျှောက်ခါ ဒုတိယမြောက် ကလေ့မေချေဝတ်ထားရေ Angel Inspire ဂါဝန်အဖြူချေကို သဘောကျပါယင့်။ညမချေ အေးမြတ်မွန်ကတော့ခါ Confidence အပြည့်နဲ. ဖျော်ဖြေလားပါရေ။

ကိုကျော်ဝင်းခိုင်ရို. ကိုဇော်ရီရို.ကို အပြင်မှာ ပထမဆုံးအကြိမ်တွိဖူးပါရေ။ ကိုကျော်ဝင်းခိုင်ကို အေအမ်ပီက ဓါတ်ပုံမှာမြင်ခါ အသက် ၄၀ ရှင်လောက်ထင်စော်။ ဇာဟုတ်ဖို.လေး။ အငယ်ပါသိ။ ကင်မရာမန်းလုပ်နီစော်လူကိုလေ့သင့် မြင်ဖူးပိုင်တွိရေ။ ကင်မရာကိုင်ပြီးကေ စင်ထက်တက်လိုက်၊ စင်အောက်ဆင်းလိုက် ၊ ခုံထက်ကိုတက်လိုက် နဲ.ပင် သူ.ခမျာ ရိုက်စော် ရိုက်စော်။  ကြမ်းပြင်မှာ ဖပြားသတ်တိမှောက်လို. ၊ မျက်နှာကျက်မှာ ပြောင်းပြန် ခြေထောက်တိချိတ်လို. မရိုက်စော်ကို ကျေးဇူးတင်ရဖို.။  Eligible Bachelor တိဖြစ်တေ ကျော်ဖြိုးဝေ ရို. စိုးမိုးရို.လေ့တွိခပါယင့် ဟန်ရေးတပြပြနဲ. (စစော်ရာဒေ)။

တခုတော့ ရှိပါရေ။ ပရိတ်သတ်ထဲက ရခိုင်သမထဲမှာ အလှပလှ ရှာကြည့်စော် အများမတွိပါထော။ ညီမချေ အေးအေးသော်ကတော့ ကကောင်းအလှပလှ မြင်ရေ။ ညီမချေ ဇံဇံကတော့ ကကောင်းဖော်ဖော်ရွေရွေပါ။ နှုတ်ဆက်ပြီးကေ စကားပြောနီခကတ်တေ။ သူ.ကိုတောင် မှ အိမ်သာလားခါ အိတ်တခေါက်ချေစောင့်ဖို. အကူအညီတောင်းခရပါသိရေ။ အမှန်က မော်ဒယ်ရှိုးကို သူဝင်လို.လျှောက်ရဖို.စော်။ ဒေါင်ကကောင်းနဲ.   ယလောက်ဘော်ဒီလှစော်ကို။ ကျန်စော်ရခိုင်သမတိကို တော့ခါ အသေအချာကြည့်ဖို. အချိန်မရခလို.လားမသိ။ မမြင်ခပါ။ ကိုယ်လှလို. ဝေဖန်နီစော်မဟုတ်ပါဒေ။ အမှန်ပြောစော် မကျေနပ်ကေလေ့ မတတ်နိုင်ဗျယ်။ အေဘလော့ပို.စ်တင်ပြီးကေ စီဘောက်စ်ကို ဖျက်ဖို.လားဖို.။ ဆဲဖို.စော်ကြောက်လို.။ ဇာပိုင်ပင်ပြောပြော အဂုပိုင်ပွဲတပွဲဖြစ်မြောက်အောင် လုပ်ပီးစော်ကို ကောင်းကျေးဇူးတင်ရပါဖို.။

ဓါတ်ပုံရှိစော်တိကို အယင်တင်ပီးလိုက်ပါရေ။ နောက်ကျော်ဖြိုးဝေပက ရခါမှ ထပ်လို.တင်ပါဖို.။
 
ဇိရှင်ကိုးကေ ဝတ်ပြုရေလတ် အေဝတ်စုံနဲ.

ဘုန်းလျှံ
 
 Clearer Version. Nice tattoo.
 
စက္ကောမ Nice Focus huh? a total failure..
ဓါတ်ပုံတိကို ထောက်ပံ့ပီးရေ ကျော်ဖြိုးဝေကို အထူးကျေးဇူးတင်ပါရေ။
ခိုင်ဝေဇံ

P.S.

နောက်ပိုင်း သိရစော် က အကျွန်ချစ်ကောင်း ထမန်းချေလို. ပြောရေ နံပါတ်လေး မမချေ (ခိုင်ဥမ္မာထွန်း) နဲ. ကောင်း ခန်.ရေလို.ပြောခရေ ဘရို ကျော်မင်းထွန်းရို.  ရခိုင်စတိတ်ရှိုးပြီးလို. နောက်တရက်နိမှာ မင်္ဂလာဆောင်လိုက်တေလို. ပြောပါရေ။ ကောင်းလိုက်ဖက်တေ အတွဲပါ။  အကျွန်ရို. ရခိုင်သား ရခိုင်သမ မှာ လှရေလူရှားရေ။ အေပိုင်အလှပ စုံတွဲ ဖူးစာပါကတ်စော်ကို အခွင့်ကောင်းယူပြီးကေ တခုတောင်းဆိုလိုက်မေ။ အချေ အလှပ ၁၀ ယောက်လောက် တခေါက်မွီးပီးပါ ပလင်။ အချေတိ ကောင်းအလှပတိရှိပါဖို.။ အားကျ ဝမ်းသာရအောင် ဓါတ်ပုံကိုပါတင်ပီးလိုက်ပါရေ။
ဓါတ်ပုံကို အေအမ်ပီမှ ကူးယူဖော်ပြပါရေ
ခိုင်ဝေဇံ

In:

ရခိုင်မုန်.တီ အမှတ်တရ

အေနိခါ အိမ်မှာရခိုင်မုန်.တီ ချက်တေ။ စစ်တွေက ကြွီတဲဆရာတော် စင်္ကာပူမှာ ရောက်နီလို. အရီးမမှာ မုန်.တီအာရုဏ်ဆွမ်းကပ်စော်။ မုန်.တီဟင်းရည်ကို သင်္ဘောထိုးနဲ. ညဥ့်ခါကပင် ကြိုထားရေ။ ငရုတ်ချက်ကို ငါးတိအများကြီးနဲ. အားရပါးရ တဒုံပျင်ထားရေ။ သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုးလေ့ အဆင်သင့်။ ကိုယ်က ညဇကပင် ကကောင်းဝမ်းဆာပိုင်တွိနီဗျယ်။

ရခိုင်မုန်.တီ အကြောင်းကိုပြောကေ စစ်တွေမြို.ကို သတိရယင့်။ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ နီခခါက အိမ်နားမှာ စစ်တွေမှာ နာမည်အကြီးဆုံး ဂြိုးချေ မုန်.တီရှိရေ။ တခါလေ့ လူပွဲရေလို.မရှိ။ လားလိုက်ကေ မိနစ် ၂၀၊ နာရီဝက်လောက်အနည်းဆုံးစောင့်ရရေ။ ဝက်ဆီဖတ်တိအများကြီးနဲ.၊ ငါးမှုန်. အဝါချေနဲ.။ ကိုယ်ကတော့ စံပြရွာအိမ်နားက မစောမေမုန်.တီလောက် မကြိုက်။ မစောမေမုန်.တီက အချေခါကပင်စားလာစော် လက်ရာက ကိုယ့်ပါးစပ်နဲ. တွိပြီးသား။ ယပြီးကေ စံပြရွာနဲ. ပြည်တော်သာဖက်မှာ အထမ်းချေနဲ.လာရောင်းရေ ဝါကြီးမုန်.တီ ရှိရေ။  အနည်းစားလို.ကောင်းရေမသိ။ ဈီးကလေ့တန်ရေ။ အသုပ်တပွဲလို.ပြောလိုက်ကေ ခွက်ချေမှာ ဆား၊ အချိုမှုန်.ချေနဲ.၊  ငရုတ်သီးချက်တဖေ့ချေနဲ. ဝါကြီးလက်နဲ.နယ်လို.သုပ်ပီးလိုက်ကေ စားကောင်းသလားမမီးကေ့။ ဝါကြီးကလေ့ ခြောင်းတဟွတ်ဟွတ်နဲ. ဆိုးလို.။ အသက်က ၇၀လောက်ရှိဗျယ်။ အဂုဆိုကေ သီယောင့်မေ။ မစောမေတောင်သီလို. သမီးသည်ဆိုင် ဆက်လို.ဖွင့်နီယင့်။

ကျောက်ဖြူမှာနီခခါက ရဲစခန်းနဲ. မနီးမဝီးမှာ ကျောက်ဖြူ လက်ညှစ်မုန်.တီဆိုစော်ရှိရေ။ အဖတ်ကို လူစားဖို.လာခါမှ ဆုံနန်. ညှစ်ပီးစော် လလတ်ဆဆတ်။ အဖတ်ချေက ဖွေးလို. ဖြူလို. ပပျော့ချေ။ အသုပ်သုပ်စားကေ ပဲကြော်ချေနဲ. ကကောင်းကောင်းရေ။ ၃တန်းလောက်ခါက စားခရစော်ဆိုကေလေ့ တခါလေ့ယင်းအရသာကို မိပိုင်မတွိ။ မောင်တောမှာ မုန်.တီဆိုင် ကောင်းကောင်းကန်းကန်း စားခရပိုင်မတွိ။ အလယ်ရွာနားမှာ စားစော်မုန်.ဟင်းခါးဆိုင် တဆိုင်ရာမှတ်မိရေ။ ပဲတိအများကြီးနဲ. ပျစ်နီအောင်ချက်ထားစော်။ ၇တန်းနှစ် မောင်တောမှာ အပျိုခါဝင်ခါစ စားလိုက်တေ သောက်လိုက်တေဆိုစော် လူရုပ်မပေါက်။ ပုတ်ပိုင်သန်ရေ။ ယင်းမုန်.ဟင်းခါးကို စားလို.မနားယေ။

မြောက်ဦးမှာခါတော့ခါ တောင်ရပ်မှာ စားနီကျဆိုင်တဆိုင်ရှိရေ။ နန်းရာကုန်းနားမှာလေ့ ရဲစခန်းကမိသားစု တစု ဖွင့်ထားစော် လဖက်ရည်ဆိုင်မှာ တခါတလီစားရေ။ ယေဂေလေ့ ယင်းခါ မက်မက်မောမော လားစားစော် မုန်.တီဆိုင်မရှိ။ အိမ်ကလူတိကလေ့ မုန်.တီအချက်ကောင်းခါ အိမ်မှာပဲ ချက်စားဖြစ်စော်များရေ။

အဂုတော့ခါ ကောင်းကောင်း မကောင်းကောင်း မုန်.တီဆိုဂေ ကျီဗျယ်။ ကိုယ့်စော်ကို ကျပိုင် ယပိုင် ပဒကြောမပါ၊ ငါးဆုပ်မပါ၊ ငါးမှုန်.မပါ၊ ပုဇွန်ခြောက် အဆိုးအဆာနန်. ချက်ထားကေလေ့ စားလို.ရရေ။ အေနိခါတော့ ငါးနန်.ချက်ထားစော်ရာ ဒေ။ ပပိုက်နနိုက်။ မုန်.တီဖတ်ကတော့ ထုံးစံအတိုင်း အခြောက်ထုပ်။ စားကေဇက်ကြောတက် ခေါင်းကိုက် သွီးနည်းနည်းတက်စော်ကလွဲပြီးကေ အထွေအထူးမဖြစ်ပါဘူး။ ယင်းချင့်ချေကို ပြုတ်။ မုန်.ဖတ်ချေပူလို. သသွက်ချေရှိတုံး၊ ငါးငရုတ်သီးချက် ၂ဇွန်းထည့်ရေ၊ မင်းကျိုးသီး အချဉ်ချေထည့်၊ ဆား အချိုမှုန်.ချေထည့်ရေ။ ယပြီးကေ ဟင်းရည်အိုးက ငါးအနှစ်ချေတဇွန်းထည့်သိယင့်။ ယပြီးကေ သုပ်ပလိုက်တေ။ ချဉ်ငံစပ်ချေ ရဗျယ်ဆိုခါမှ အထက်က နံနံပင်ချေအုပ်ပြီးကေ ငါးဆုပ်ချေညှပ်ထည့်ပလိုက်တေ။ အူး စားလို.ကောင်းလိုက်တေဂ။ စားလီဂတ်ပါထော။ အောက်မှာ ဧည့်ခံလိုက်ယင့် ဓါတ်ပုံနန်.။း)

ခိုင်ဝေဇံ






 စားနိုင်ကေ ကိုယ့်ဖို.ဗျယ်။
ခိုင်ဝေဇံ

In:

ဘလော့ မျှော်မှန်းချက်

ဘလော့ရာ လုပ်တေ။ Official launch လုပ်ဖို. မစဉ်းစားရပါသိ။  ဘလော့ ပို.စ် ၁၀ ခုလောက်ရှိမှ လုပ်ကေ ကောင်းဖို. ထင်ယင့်။  အဂုတော့ ခါ အေဘလော့ နဲ. ပတ်သတ်လို. မျှော်မှန်းထားစော် ချေတိပြောကြည့်ပါမေ။

  • အစားအသောက် ကြိုက်တေလူတိ ရခိုင်ဟင်းချက်နည်းကို သိရေလူတိ step by step demostration လုပ်ပြီးကေ ဓါတ်ပုံနဲ. တကွ ပို.ပီးနိုင်ကေ ကောင်းကောင်းပါဖို.။  
  • ကိုယ့်အိမ်မှာ ရခိုင်ဟင်းချက်ဖြစ်တေ နိဆိုကေ ဓါတ်ပုံရာပို.လိုက်ပါ။ အေမှာ Share လုပ်ပီးချင်ပါေ၇။
  • ချက်နည်းသိချင်ရေ လူတိလေ့ Request လုပ်လို.ရပါရေ။ ကိုယ်မသိစော်ကတော့ သေချာရေ။ ပရိသတ်ကို မီးပီးပါဖို.။ အဟီး။
  • ရခိုင်အသင်းက Group Outing  တိကိုလေ့ Cover လုပ်ပီးချင်ပါယင့်။ ခွင့်ပြုကေ ပေါ့လေ။ ခွင့်ပြုမပြု မပြောတတ်ပါ။ ကိုယ်လိုက်ဖြစ်ကေတော့ သေချာရေ တင်ဖြစ်ဖို.စော်။ အမှတ်တရပေါ့။
အီးမေးလ်ကို အစားအသောက်ပုံပို.ချင်ရေ ဆိုကေ charcoalkhine@gmail.com ကိုပို.ပီးလို.ရပါရေ။ 
စားနိုင်ကေ ကိုယ့်ဖို.။
ခိုင်ဝေဇံ